Employment Contract

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်

စာချုပ်အမှတ်၊ …………………………………………………..

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး/ပြည်နယ်၊ ကျောက်တံတားမြို့နယ်၊ …………..….…မြို့ ……………………….. ရပ်ကွက်၊ ………………………………………လမ်း၊ အမှတ်( ) တွင် နေထိုင်သော အလုပ်ရှင်အမည် ဦးဝင်းသိန်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်အမှတ် ………………………………………..….. (နောင်တွင် “အလုပ်ရှင်’’ဟု ခေါ်ဆိုမည်ဖြစ်ပြီး ယင်းစကား ရပ်တွင်အခြားနည်းဖြင့် ကိုယ်တိုင်လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် အကျိုးတူဖက်စပ်လုပ်ငန်းလုပ်ကိုင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းဖြစ်ပါက အလုပ်ရှင်

သေဆုံးသည့်အခါလုပ်ငန်းဆက်ခံသူသို့မဟုတ်တရားဝင်ကိုယ်စားလှယ်တို့အားလုံးပါဝင်သည်ဟုမှတ်ယူမည်)ကတစ်ဖက်

နှင့်

အလုပ်သမားအမည် …………………………….…………၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် နိုင်ငံကူး လက်မှတ်အမှတ်……………………………………….……..….(နောင်တွင် “အလုပ်သမား” “၀န်ထမ်း” ဟု ခေါ်ဆိုမည်ဖြစ်ပြီး ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ် လုပ်ကိုင်လျက်ရှိသော အလုပ်သင်များ၊ ပညာသင်များ လည်းပါဝင်သည်။ အလုပ်ရှင်နှင့် အတူနေပြီး အလုပ်ရှင်အပေါ်တွင် မှီခိုနေသောအလုပ်ရှင်၏ မိသားစုကို ပါဝင်သည်ဟု မသတ်မှတ်ရ)တို့သည် ၂၀၁၉ခုနှစ်၊ ………………………..လ၊ ……………..ရက်နေ့၊ …………………….…… နေရာတွင် အောက်ဖော်ပြပါအတိုင်းအလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ကို နှစ်ဦးနှစ်ဖက် လက်မှတ် ရေးထိုးချုပ်ဆိုကြပါသည်-

၁။ အလုပ်အကိုင်အမျိုးအစား

(က) လုပ်ငန်းအမျိုးအမည် ကုန်သွယ်မှုလုပ်ငန်း

(ခ) လုပ်ငန်းတည်နေရာ …………………………………………………………………………............

(ဂ) ရာထူး၊ အဆင့် …………………………………………………………………………............

(ဃ) ဌာန …………………………………………………………………………............

(င) တာဝန်အကျဉ်းချုပ် ပူးတွဲလျှက်

Summary of Job Description ကိုနောက်ဆက်တွဲဖြင့်လည်းဖော်ပြနိုင်သည်။

၂။ အစမ်းခန့်ကာလ (သို့မဟုတ်) အလုပ်စတင်ဝင်ရောက်သည့်ရက်စွဲ

(က) စတင်ခန့်အပ်သည့် …………………..……ရက်နေ့မှစ၍(၃)လပြည့်သည့်နေ့ ………………….……… ရက်နေ့အထိ အစမ်းခန့်ကာလဖြစ်သည်။

(ခ) အလုပ်စတင်ဝင်ရောက်သည့်နေ့ရက် ……………………ခုနှစ်၊ ……………………လ၊ …..………… ရက် ဖြစ်သည်။

(ဂ) အစမ်းခန့်ကာလတွင် အခြေခံလစာဧ။် ၇၅ ရာခိုင်နှုန်းထက် မနည်းသော လုပ်ခကို ခံစားခွင့်ပြုသည်။

(ဃ) အလုပ်သမား/၀န်ထမ်းအသစ်အဖြစ်ခန့်ထားခံရသူများသည် အလုပ်သင်(သင်တန်း) ကာလကိုအများ

ဆုံး (၃)လ သတ်မှတ်သည်။ အလုပ်သင်(သင်တန်း) ကာလတွင် အခြေခံလုပ်ခလစာ၏ (၅၀) ရာခိုင်

နှုန်းအောက်မနည်းသော လုပ်ခကိုပေးမည်။

မှတ်ချက် ။ ။ အလုပ်ရှင်မှအစမ်းခန့်ကာလမလိုအပ်ဟုယူဆပါကအတည်ပြု (အမြဲတမ်း) ၀န်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည်။

၃။ လုပ်ခ၊ လစာ

(က) နေ့စား (ကျပ်/နိုင်ငံခြားငွေ) ………………………………

(နေ့စားနေ့ရှင်း အလုပ်သမား/၀န်ထမ်း)

(ခ) နေ့စား ၊ လရှင်း (ကျပ်/နိုင်ငံခြားငွေ) ………………………………

(ဂ) ပုတ်ပြတ် (ကျပ်/နိုင်ငံခြားငွေ) ………………………………

(ဂ) လစား (ကျပ်/နိုင်ငံခြားငွေ) ………………………………

(ဃ) လုပ်ခလစာကို အလုပ်ရှင်နှင့် အလုပ်သမားက နှစ်ဦးသဘောတူသတ်မှတ်ထားသည့် လစာနှင့် အညီ ပေးချေသတ်မှတ်နိုင်သည်။ ယင်းအပြင် အလုပ်သမား၏ လုပ်ရည်ကိုင်ရည်ပေါ်တွင်အခါအားလျော်စွာ

အလုပ်ရှင်နှင့် အလုပ်သမားတို့မှ နှစ်ဦးသဘောတူပြောင်းလဲသတ်မှတ်နိုင်သည်။

(ထိုသို့သတ်မှတ်ရာတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်များနှင့် မဆန့်ကျင်စေရ။)

(င) လုပ်ခ၊ လစာပေးရေးနှင့် ပတ်သက်၍ တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမားတို့က လိုက်နာလုပ်ဆောင်ရမည်။

၎။ အလုပ်အကိုင်တည်နေရာ

မြန်မာနိုင်ငံ၊ ………………………………….တိုင်းဒေသကြီး/ပြည်နယ်၊ …….………………………… မြို့နယ်၊ ……………………….(ရပ်ကွက်/ကျေးရွာ/စက်မှုဇုန်)၊ ……………………………လမ်း၊အမှတ်( ) ။

၅။ စာချုပ်သက်တမ်း

(က) ဤသဘောတူစာချုပ်သက်တမ်းမှာ ( - - ၂၀၁၉ )ရက်နေ့မှ ( - - ၂၀၂၀)ရက်နေ့အထိ (၂)နှစ်၊ (………………..)လ၊ (………)ရက်ဖြစ်ပါသည်။

(ခ) အလုပ်သမားများ ဘက်မှ စာချုပ်ပါအချက်များကို ဖောက်ဖျက်ခြင်းမရှိပါက ဤသဘောတူစာချုပ် သက်တမ်း ကာလ တိုးပေးနိုင်သည်။ သို့ရာတွင် အလုပ်ရှင်သည် စာချုပ်သက်တမ်းကာလ တိုးပေး

ခြင်းကို အကြောင်းမဲ့ငြင်းပယ်ခြင်းမပြုရ။

(ဂ) အမြဲတမ်းဝန်ထမ်း သို့မဟုတ် အမြဲတမ်းအလုပ်သမားအဖြစ် ခန့်အပ်ထားပြီးပါက စာချုပ် သက်တမ်း

ကိုအလုပ်ရှင်၊ အလုပ်သမားညှိနှိုင်း၍ သတ်မှတ်ကာလထက် တိုး၍ ဆောင်ရွက်နိုင်သည်။

(ဃ) အလုပ်သမား၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းတွင် အလုပ်စတင် ၀င်ရောက်သည့်

နေ့မှစ၍တစ်ဆက်တည်းဖြစ်သောလုပ်သက်များကိုအလုပ်ရှင်မှ ရေတွက်ပေးရ မည်။

၆။ အလုပ်ချိန်

ပုံမှန်အလုပ်ချိန်ကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်-

(က) အလုပ်ချိန် ၉နာရီ တိတိမှ ၅နာရီ ၃၀မိနစ် တိတိအထိ

(ခ) အားလပ်ချိန် ၁း၀၀ နာရီတိတိမှ ၁း၁၀ နာရီတိတိအထိ

(ဂ) ထမင်းစားချိန် ၁း၁၀ တိတိမှ ၁နာရီ ၃၀ တိတိအထိ

(လုပ်ငန်းသဘာဝအရ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ ဥပဒေနှင့်အညီ သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်ရယူပြီး ပြောင်းလဲလုပ်ကိုင်နိုင်သည်။)

၇။ နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်

(က) နားရက် ။ ရက်သတ္တပတ် တစ်ပတ်လျှင် သာမန်အားဖြင့် တနင်္ဂနွေနေ့ကို နားရက်အဖြစ် လည်းကောင်း၊ လုပ်ငန်းသဘောသဘာဝနှင့် နေရာဒေသ၏ ဓလေ့ထုံးစံအရ တစ်ပတ်လျှင် အလုပ်

နားရက်တစ်ရက်ကိုအလုပ်ရှင်နှင့် အလုပ်သမားတို့၏သဘောတူညီချက်ဖြင့်လည်းကောင် သတ်မှတ်

နိုင်သည်။ နားရက်တွင် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ လုပ်ခလစာခံစားခွင့်ရှိ သည်။

(ခ) အလုပ်ပိတ်ရက်

(၁) ပြည်ထောင်စုအစိုးရက နှစ်စဉ်အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော အများ ပြည်သူ အလုပ်ပိတ်ရက်များတွင် လုပ်ခလစာအပြည့်ဖြင့် အနားပေးရမည်။

(၂) အကယ်၍ အများပြည်သူအလုပ်ပိတ်ရက်နှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက် တိုက်ဆိုင် နေပါက အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရမည်။

(ဂ) ခွင့်ရက်များ။ အလုပ်သမားက ဥပဒေနှင့်အညီ ခွင့်တိုင်ကြားလျှင် အောက်ပါအတိုင်း ခံစားခွင့်ရှိသည်-

(၁) ရှောင်တခင်ခွင့် ။ အလုပ်စတင်ဝင်ရောက်သည့်နေ့ရက်မှ (၁၂) လအတွင်း ရှောင်တခင်ခွင့် (၆) ရက်ကို လုပ်ခလစာအပြည့်ဖြင့် ခံစားခွင့်ရှိသည်။

သက်ဆိုင်ရာနှစ်အတွင်း ခွင့်မယူလျှင် ထိုခွင့်ပျက်ပြယ်သည်။ တစ်ကြိမ်လျှင် ၃ ရက်ထက်ပို၍ ခွင့်ခံစားခွင့်မရှိပါ။ အခြားမည်သည့်ခွင့်နှင့်မျှ ပေါင်းစပ်ခံစားခွင့်မရှိပါ။

(၂) လုပ်သက်ခွင့် ။ လုပ်သက် ၁၂ လ တစ်ဆက် တည်းပြည့်ပြီး လစဉ်အနည်းဆုံးအလုပ် ဆင်း

ရက် (၂၀) ရက်ရှိပါက အခြေခံလစာ သို့မဟုတ် မည်သည့်စရိတ်မျှမပါသည့် အခြေခံနေ့တွက်

နှုန်းဖြင့် တစ်နှစ်လျှင် တစ်ဆယ်ရက် တဆက်တည်း ခံစားခွင့်ရှိသည်။ သို့ရာတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်ဖြင့် လုပ်သက်ခွင့် တစ်ဆယ်ရက်ကိုခွဲ၍ခံစားခွင့်ပြုနိုင်သည်။

(၂၀) ရက် အပြည့် မလုပ်ခဲ့သော လတိုင်းအတွက် မိမိ လုပ်သက်ခွင့်ရက်မှ တစ်ရက်ကျစီ အဖြတ်ခံရမည်။

(၃) ဆေးခွင့် ။ လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် တစ်နှစ်လျှင် ဆေးခွင့်

ရက်ပေါင်း (၃၀) ခံစားခွင့်ရှိသည်။ သို့ရာတွင် အနည်းဆုံးလုပ်သက် (၆)လ ပြည့်အောင် မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်ခွင့်ကို လစာမရှိခွင့်ရက်အဖြစ် ခံစားခွင့် ရှိသည်။ လူမှုဖူလုံ

ရေးဥပဒေအရ အကျုံးဝင်အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါ ခံစားခွင့်အတိုင်း ခံစား

ခွင့်ရှိသည်။

(၄) မီးဖွားခွင့် ။ လုပ်သက် (၆)လ ပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆)ပတ်၊ မီးဖွားပြီး (၈)ပတ် ခံစားခွင့်ရှိသည်။

(၅) အလုပ်သမား၏ မိသားစုဝင်သို့မဟုတ်မိဘနာရေးကိစ္စဖြစ်သည့်အခါအနည်းဆုံး အခကြေးငွေ

မှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ အလုပ်

သမား၏ ဥပဒေပါခွင့်ခံစားမှု ကုန်ဆုံးချိန်တွင် လစာမဲ့ခွင့်အနေဖြင့် ညှိနှိုင်းခံစားခွင့်ရှိသည်။

၈။ အချိန်ပိုလုပ်ကိုင်ခြင်း

လုပ်ငန်းသဘောသဘာဝများအပေါ်မူတည်၍အလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီချက်

ဖြင့် ဥပဒေသတ်မှတ်ချက်များနှင့် အညီ အချိန်ပိုလုပ်ကိုင်နိုင်သည်။ အချိန်ပိုလုပ်ခကို သက်ဆိုင်ရာ

ဥပဒေအရ သတ်မှတ်ထားသည့် ပုံသေနည်းအတိုင်း တွက်ချက်ပေးရမည်။

မှတ်ချက် ။ ။ အချိန်ပိုလုပ်ကိုင်မည့် အလုပ်သမား/၀န်ထမ်းသည် ကုမ္ပဏီ၏တာဝန်ရှိသူထံသို့ တရားဝင်စာဖြင့် ကြိုတင်ခွင့်ပြုမိန့်တောင်းခံပြီး ခွင့်ပြုချက်ရရှိမှသာလျှင် လုပ်ကိုင်ခွင့်ပြုမည်။

၉။ အလုပ်ချိန်အတွင်းအစားအသောက်အစီအစဉ်

ရှိ/မရှိ (ရှိလျှင် ဖော်ပြလိုပါက သီးခြားဖော်ပြနိုင်သည်။ - မရှိပါ

၁၀။ နေရာထိုင်ခင်း

ရှိ/မရှိ (ရှိလျှင် ဖော်ပြလိုပါက သီးခြားဖော်ပြနိုင်သည်။) - မရှိပါ

၁၁။ ဆေးဝါးကုသခြင်း

(က) ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမ၀င်သော အလုပ်သမားများအား အောက်ပါတို့ အတွက် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် ဆေးဝါးကုသရန် စီစဉ်ပေးရမည်-

(၁) လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု

(၂) လုပ်ငန်းခွင်ဆိုင်ရာရောဂါရရှိမှု

(၃) လုပ်ငန်းခွင်အတွင်းဖျားနာမှု

(ခ) ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်သော အလုပ်သမားများအတွက် သက်ဆိုင်ရာ

ဥပဒေနှင့်အညီ ဆေးဝါးကုသခွင့်ရှိသည်။

(ဂ) ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမ၀င်သော အလုပ်သမားများအတွက် အလုပ်ကို

အကြောင်းပြု၍ထိခိုက်ဒဏ်ရာရမှုများအတွက် သက်ဆိုင်ရာ အလုပ်သမား လျော်ကြေး ဥပဒေ

နှင့်အညီ ဆောင်ရွက်ပေးရမည်။

၁၂။ အလုပ်ခွင်သို့ ကြို၊ ပို့ယာဉ် စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း

ရှိ/မရှိ (ရှိလျှင် ဖော်ပြလိုပါကသီးခြားဖော်ပြနိုင်သည်။) - အချို့နေရာအတွက်ရှိပါသည်။

၁၃။ အလုပ်သမားများလိုက်နာရမည့်စည်းကမ်းချက်များ

အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းများကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြား သတ်မှတ်၍ အရေးယူမှုအဆင့်ဆင့် အပါအ၀င် နောက်ဆက်တွဲများအဖြစ် ဤစာချုပ်တွင် ထည့်သွင်း

ချုပ်ဆိုသည်-

(က) နောက်ဆက်တွဲ(က) သာမန်ပြစ်မှုများနှင့် အရေးယူမှု

(ခ) နောက်ဆက်တွဲ(ခ)ကြီးလေးသောပြစ်မှုများနှင့် အရေးယူမှု

မှတ်ချက် ။ စက်မှုဇုန်တွင် ထုတ်ပြန်ထားသောကျင့်ဝတ်များကို နမူနာ ယူနိုင်ပြီး လုပ်ငန်း သဘောသဘာဝနှင့် ကိုက်ညီစွာ သတ်မှတ်နိုင်သည်။ လုပ်ငန်းခွင်

စည်းကမ်းများကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်း၍ သတ်မှတ်နိုင်သည်။

၁၄။ အလုပ်ရှင် စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ပါက ယင်းသင်တန်း တက်ရောက်ပြီးနောက် ဆက်လက် တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလ ကန့်သတ်ချက် (သင်တန်း)

(က) သင်တန်းကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ နှစ်ဦးသဘောတူ ညှိနှိုင်းဆောင်ရွက်နိုင်သည်။

(ခ) လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတက်ရောက်ခြင်းနှင့် စပ်လျဉ်း၍ သဘောတူ စာချုပ်

ကို ဥပဒေနှင့်အညီ သီးခြားချုပ်ဆိုရမည်။

၁၅။ အလုပ်မှနှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း

အလုပ်မှနှုတ်ထွက်ခြင်း

(၁) အတည်ပြုခန့်ထားသော အလုပ်သမားသည် အလုပ်တာဝန်မှ နှုတ်ထွက်လိုပါက အကြောင်း

ကြားစာကို သက်ဆိုင်ရာ လုပ်ငန်းခွဲ တာဝန်ခံမှတစ်ဆင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် စီမံအုပ်ချုပ်သူထံသို့ အနည်းဆုံး တစ်လကြိုတင်၍ အကြောင်းကြား ရမည်။

(၂) အလုပ်မှ တရားဝင်နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်သမားသည် မိမိအားထုတ်ပေးထားသည့် လစာကတ်၊ ၀န်ထမ်းကတ်၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကိရိယာများကို ပြန်လည်ပေးအပ်ရမည့် အပြင် မိမိတာဝန်ယူထားသည့် စာရင်းများ၊ ငွေကြေးများ၊ ပစ္စည်းများကိုအလုပ်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ရမည်။

(၃) အလုပ်သမားသည် အလုပ်မှ နှုတ်ထွက်လိုပါက တစ်လကြိုတင်၍ အကြောင်းကြားရမည် ဖြစ်

ပြီးအလုပ်ရှင်မှ အလုပ်ရပ်စဲမှု နစ်နာကြေးပေးရန်မလိုဘဲ ရရန်ရှိသည့် အမှန်တကယ် အလုပ်

လုပ်ခဲ့သည့် ရက်များအတွက် လုပ်ခကျန်ငွေနှင့် လုပ်သက်ခွင့်ကို ခံစားခွင့်ပေးပြီးမှ နှုတ်ထွက်

ခွင့်ပြုရမည်။

(၄) အထက် အပိုဒ်ခွဲငယ်(၃) ပါအတိုင်း အလုပ်မှ နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်ရှင်၏ ကုန်ကျ

စရိတ်ဖြင့် သင်တန်း တက်ရောက်ထားသည့် အလုပ်သမားများအတွက် အလုပ် အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါအတိုင်း ဆောင်ရွက်ရမည်။

(၅) မန်နေဂျာ၊ ပညာရှင်၊ စရင်းကိုင်၊ IT နည်းပညာရှင်၊ အင်ဂျင်နီယာ၊ စရင်းစစ် အစရှိသည့်

လုပ်ငန်း၌ Top Management Level နှင့် Middle Management Level အဖြစ်သတ်မှတ်ခံ

ထားရသော ၀န်ထမ်းများသည် အနည်းဆုံး (၃) လကြိုတင်၍ အလုပ် နူတ်ထွက်စာကို

(Resignation and Handover Policy) များနှင့် အညီ အကြောင်းကြားရမည်။

(၆) တရားဝင်နူတ်ထွက်ခွင့်ပြုရာတွင် အလုပ်သမားဝန်ထမ်းသည် အပိုဒ် (၃) ပါအတိုင်း လွှဲပြောင်း

ပေးအပ်ရမည့်အပြင်မိမိနေရာ၌နောက်ထပ်ရောက်ရှိလာမည့်ဝန်ထမ်းအား စနစ်တကျကုမ္ပဏီ

၏ Handover Policy များအတိုင်း လွှဲပြောင်းပေးအပ်ရမည်။

(ခ) အလုပ်မှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း

(၁) အလုပ်ရှင်သည် အလုပ်သမားအားအလုပ်ရပ်စဲသည့်အခါ ခိုင်လုံသောအကြောင်းပြချက်ဖြင့် မှတ်တမ်းမှတ်ရာများ ဆောင်ရွက်ထားရှိပြီး ရုံးအမိန့်စာဖြင့် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင် ကိုယ်စား တာဝန်ရှိသူက လက်မှတ်ရေးထိုး၍ အလုပ်သမားအားပေးပြီးမှ အလုပ်မှ ရပ်စဲရ မည်။ အလုပ်သမားအား အလုပ်မှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်းကိစ္စရပ်များအားလုံးသည် အလုပ်ရှင်တွင်သာ တာဝန်ရှိသည်။

(၂) သတ်မှတ်ထားသောစည်းကမ်းချက်များကိုဖောက်ဖျက်ကျူးလွန်သည့် အလုပ်သမား များအား

သာမန်ပြစ်မှုများအတွက် ပထမအကြိမ်စာဖြင့် သတိပေးခြင်း၊ ဒုတိယအကြိမ် စာဖြင့်သတိပေး

ခြင်း၊ တတိယအကြိမ် ၀န်ခံကတိလက်မှတ် ရေးထိုးစေခြင်းစသည့် သတိပေးခြင်း သုံးကြိမ်ပြု

လုပ်0ပြီးနောက် (၁၂) လ အတွင်းနောက်ထပ်ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခြင်းမရှိလျှင်ဖြစ်စေ၊ တတိယအကြိမ် ကျူးလွန်ပြီးနောက် (၁၂) လအတွင်း ထပ်မံကျူးလွန်ခဲ့ခြင်း မရှိလျှင်ဖြစ်စေ ထိုကျူးလွန်ခဲ့သော ပြစ်မှုအားလုံးကိုအလုပ်ရှင်မှ ချေဖျက်ပေးရမည်။

(၃) အထက်အပိုဒ်ခွဲငယ် (၁) မှအပ အလုပ်သမားများအားတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း

စည်းကမ်းများနှင့်အညီ အလုပ်ရှင်က တစ်လကြိုတင် အကြောင်းကြား၍ သတ်မှတ်ထားသည့် နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲနိုင်သည်။ သို့ရာတွင် ဥပဒေ ပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်း

များနှင့် ဆန့်ကျင်၍ အလုပ်သမားအား အလုပ်ထုတ်ခြင်းမျိုး မဖြစ်စေရ။

(၄) လုပ်သားလျှော့ချခြင်း၊ အလုပ်သမားအား အလုပ်မှရပ်စဲခြင်း တို့အတွက် အလုပ်ရှင်သည် အလုပ်သမား အဖွဲ့အစည်းမရှိပါက အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ အလုပ်သမား အဖွဲ့အစည်းရှိပါက အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်စားလှယ်နှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ ကိုယ်စားလှယ်တို့ ပူးပေါင်း၍ အလုပ်ရှင်သို့မဟုတ် အလုပ်ရှင် ကိုယ်စားလှယ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၁၆။ စာချုပ်ရပ်စဲခြင်း

အောက်ပါအချက်များကြောင့် သဘောတူစာချုပ်ရပ်စဲနိုင်သည်-

(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းဖျက်သိမ်းခြင်း၊

(ခ) မမျှော်မှန်းနိုင်သောဖြစ်ရပ်ကြောင့် လုပ်ငန်းရပ်ဆိုင်းသွားခြင်း၊

(ဂ) အလုပ်သမားသေဆုံးခြင်း၊

၁၇။ စာချုပ်ပါစည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ

(က) အလုပ်ရှင်၏ တာဝန်ဝတ္တရားများ

(၁) အသင်းအဖွဲ့ဝင်ဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ်ကွာခြားမှု အပေါ်မူတည်၍ ခွဲခြား

ဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်းတို့ကို မပြုလုပ်ရ။

(၂) မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသား အလုပ်ရှင်များ၊ ကြီးကြပ်သူများ၊ ပညာ

ရှင်များနှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရမည်။

(၃) တည်ဆဲအလုပ်သမားရေးရာဥပဒေများအပါအ၀င်မြန်မာနိုင်ငံ၏ တည်ဆဲအခြားဥပဒေများကို လေးစား

လိုက်နာရမည်၊

(၄) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိရမည်၊

(၅) အလုပ်ရှင်သည်အလုပ်သမားများ၏ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များနှင့် စပ်လျဉ်း၍အလုပ်သမားများအား

ပွင့်လင်းစွာ အသိပေးထားရမည်။

(၆) အလုပ်ရှင်သည်လုပ်ငန်း၏လိုအပ်ချက်အရ လုပ်ငန်းခွင် ဘေးအန္တာယ်ကင်းရှင်းရေးကိုအထူးဦးစားပေး

ဆောင်ရွက်ရမည်။

(ခ) အလုပ်သမားများ၏ တာဝန်ဝတ္တရားများ

(၁) အလုပ်သမားသည် လုပ်ငန်း၏ လိုအပ်ချက်အရ ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်၊

(၂) လုပ်ငန်းခွင်အတွင်းသို့ မ၀င်ရောက်မှီ လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားသော လုပ်ငန်းခွင် အကာအကွယ်ပေးရေးပစ္စည်းများကို စနစ်တကျဝတ်ဆင်ရမည်၊

(၃) လုပ်ငန်းခွင်နှင့် အလုပ်ချိန်အတွင်း မူးယစ်ဆေးဝါးများကို သောက်စားခြင်း၊ လုပ်ဖော်ကိုင်ဖက်များကို စိတ်ငြိုငြင်အောင် နှောက်ယှက်ခြင်း၊ အန္တရာယ်ပေးခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန် စော်ကား ခြင်းများ မပြုလုပ်ရ၊

(၄) အလုပ်ရှင်မှ ကြိုတင်ဖွင့်ဟထားသည့် လျှို့ဝှက်အပ်သော သတင်းအချက်အလက်များကို ပြင်ပသို့ မပေါက်ကြားအောင် ထိန်းသိမ်းရမည်။ အခွင့်အမိန့်မရှိဘဲ လုပ်ငန်းနှင့်ဆိုင်သော စာရွက်စာတမ်း များ၊ စာရင်းများ၊ မှတ်တမ်းများကို ထုတ်နှုတ်အသုံးပြုခြင်း၊ ကူးယူခြင်း၊ ဖယ်ရှားခြင်း၊ ဖျောက်ဖျက် ခြင်း၊ ပြင်ပသို့ ယူဆောင်သွားခြင်း၊ ဖြန့်ချီခြင်းမပြုရ၊

(၅) အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ ညှိနှိုင်းသဘောတူညီသည့်အခါအားလျော်စွာထုတ်ပြန်

ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်၊

(၆) အလုပ်သမားသည် တည်ဆဲဥပဒေများအတိုင်း ထည့်ဝင်ပေးဆောင်ရမည့် အခွန်အခများကိုသတ်မှတ်

နှုန်းထားများအတိုင်း ပေးဆောင်ရမည်၊

(၇) တည်ဆဲအလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်၊

(၈) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိရမည်၊

၁၈။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဦး သဘောတူ ဖျက်သိမ်းခြင်း

အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် မူလချုပ်ဆိုထားသော အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား ဖျက်သိမ်းနိုင်သည်၊

၁၉။ အခြားကိစ္စရပ်များ (အလုပ်ရှင်နှင့် အလုပ်သမားငြင်းပွားမှုများကို ဖြေရှင်းခြင်း)

အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများ ပေါ်ပေါက်ပါက နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖျန်ဖြေသည့် နည်းဖြင့် ဖြေရှင်းရမည်။ အကယ်၍ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိပါက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဖြေရှင်းဆောင်ရွက်ရမည်။

၂၀။ စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း

အတည်ပြုလက်မှတ်ရေးထိုးပြီးသောအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို သက်ဆိုင်

ရာ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများသို့ ပေးပို့ရမည်။ ထို့ပြင်တည်ဆဲ အလုပ်သမား

ဥပဒေများနှင့် အညီ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ပြုလုပ်လိုပါက အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြင်ဆင်ဖြည့်စွက်ပြီးနောက် အဆိုပါသဘောတူစာချုပ်အသစ်ကိုလည်း တင်ပြရ မည်။

၂၁။ အထွေထွေ

(က) အလုပ်သမားသည် အလုပ်သမားဥပဒေနှင့် ဆက်စပ်လျက်ရှိသော ဥပဒေများတွင် ပါဝင်သည့် ရပိုင်

ခွင့်များ အကာအကွယ်နှင့် အကျိုးခံစားခွင့်အားလုံးကို ခံစားခွင့်ရှိသည်။

(ခ) လိုအပ်ပါက တည်ဆဲဥပဒေများနှင့်ဆန့်ကျင်သော သက်ဆိုင်ရာ လုပ်ငန်းခွင်သဘာဝအရ ထုတ်ပြန် ထားသည့် တည်မြဲအမိန့်နှင့် အလုပ်ခွင်အတွင်း လိုက်နာရန် စည်းမျဉ်းစည်းကမ်းနှင့် ရပိုင်ခွင့်များကို ဤစာချုပ်၏ တစ်စိတ်တစ်ဒေသအဖြစ် မှတ်ယူရမည်။

(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား လုပ်ငန်း၏ သဘောသဘာဝအရ တည်ဆဲ အလုပ်သမားဥပဒေများပါ ရပိုင်ခွင့်နှင့် အခွင့်အရေးများအောက် ယုတ်လျော့ခြင်းမရှိဘဲ အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းမှ အလုပ်ရှင်နှင့် ၅၀ ရာခိုင်နှုန်းထက်ကျော်သော အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် ပြင်ဆင် ဖြည့်စွက်နိုင်သည်။

အလုပ်သမား၏လက်မှတ် အလုပ်ရှင် (သို့မဟုတ်)

(သို့မဟုတ်) မန်နေဂျာ (သို့မဟုတ်)

လက်ဝဲလက်မပုံစံ စီမံအုပ်ချုပ်သူ

လက်မှတ် ……………………………………… လက်မှတ် ………………………………………

အမည် ……………………………………… အမည် ………………………………………

ရာထူး/အဆင့် ……………………………………… ရာထူး/အဆင့် H.R Manager

နိုင်ငံသားစိစစ်ရေး ……………………………………… နိုင်ငံသားစိစစ်ရေး ………………………………………

ကတ်ပြားအမှတ် (သို့မဟုတ်) ကတ်ပြားအမှတ် (သို့မဟုတ်)

နိုင်ငံကူးလက်မှတ်အမှတ် နိုင်ငံကူးလက်မှတ်အမှတ်

လုပ်ငန်း/ဌာန ……………………………………… လုပ်ငန်း/ဌာန ………………………………………

ရက်စွဲ ……………………………………… ရက်စွဲ ………………………………………

အသိသက်သေ

လက်မှတ် ……………………………………… လက်မှတ် ………………………………………

အမည် ……………………………………… အမည် ………………………………………

ရာထူး/အဆင့် ဌာနခွဲတာဝန်ခံ ရာထူး/အဆင့် Admin Manager

နိုင်ငံသားစိစစ်ရေး ……………………………………… နိုင်ငံသားစိစစ်ရေး ………………………………………

ကတ်ပြားအမှတ် (သို့မဟုတ်) ကတ်ပြားအမှတ် (သို့မဟုတ်)

နိုင်ငံကူးလက်မှတ်အမှတ် နိုင်ငံကူးလက်မှတ်အမှတ်

လုပ်ငန်း/ဌာန ……………………………………… လုပ်ငန်း/ဌာန ………………………………………

ရက်စွဲ ……………………………………… ရက်စွဲ ………………………………………

အတည်ပြုလက်မှတ်ရေးထိုးပါသည်။

လက်မှတ် ………………………………………………

အမည် ………………………………………………

ခရိုင်/မြို့နယ်ဦးစီးအရာရှိ

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

……………………………………………… ခရိုင်/မြို့နယ်

ရက်စွဲ၊ ………………………………………………

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများလိုက်နာရမည့် စည်းကမ်းချက်များ

သာမန်ပြစ်မှုစည်းကမ်းချက်များ နောက်ဆက်တွဲ(က)

အလုပ်သမားဝန်ထမ်းများသည်အောက်ဖော်ပြပါ သာမန်ပြစ်မှုစည်းကမ်းချက်တစ်ခုခုကိုလိုက်နာရန်၊ လုပ်ဆောင်

ရန် ပျက်ကွက်ကြောင်း၊ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားပါက ပထမအကြိမ်တွင် နှုတ်ဖြင့် သတိပေး၍သော်လည်းကောင်း၊ ဒုတိယအကြိမ်တွင် စာဖြင့်သတိပေး၍ သော်လည်းကောင်း၊ တတိယအကြိမ်တွင် ၀န်ခံကတိရေးထိုးစေလျက် ပြင်းထန်စွာသတိပေးပြီးနောက် ထပ်မံ ကျူးလွန်ပါက နစ်နာကြေးမပေးဘဲအလုပ်မှ ရပ်စဲ

သည်အထိ အပြစ်ပေးခြင်း ခံရမည်-

(၁) စက်ရုံမှ သတ်မှတ်ထားသော အလုပ်ချိန်နှင့်အညီ အချိန်မှန်စွာ အလုပ်တက်ခြင်း၊ ဆင်းခြင်း ပြုရမည်။

အလုပ်ခွင်သို့ ရောက်ရှိပြီးပါက ပြင်ပသို့ထွက်ခွာခြင်း မပြုရ၊ ပြင်ပသို့ ထွက်ခွာလိုပါက တာဝန်ရှိသူ အဆင့်ဆင့်၏ ခွင့်ပြုချက်ရယူပြီးမှသာ Gate pass ဖြင့် ထွက်ရမည်။ သတ်မှတ်ထားသော အလုပ်ချိန်

ထက်နောက်ကျခြင်း၊ စော၍ ပြန်ခြင်းများ မပြုလုပ်ရ။

(၂) အလုပ်တက်/ဆင်းလက်မှတ်ထိုးခြင်းနှင့်အလုပ်တက်/ဆင်း မှတ်တမ်းအဖြစ်အသုံးပြုသည့်စက်ပစ္စည်း

ကိရိယာကို ကိုယ်တိုင် လုပ်ဆောင်ရမည်။ လက်မှတ်ကြိုထိုးခြင်း၊ ကိုယ်စားထိုးပေးခြင်း၊ လိမ်လည် လက်မှတ်ရေးထိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမပြုလုပ်ရ။

(၃) စက်ရုံ၏ ၀န်ထမ်းဖြစ်ကြောင်း၊ သိသာထင်ရှားစေရန် ၀န်ထမ်းကဒ်ကို အလုပ်ချိန်အတွင်း အမြဲတမ်း ချိတ်ဆွဲထားရန်နှင့် တူညီဝတ်စုံ (Uniform) သတ်မှတ်ပေးထားပါ ၀တ်ဆင်ရမည်။

(၄) လုပ်ငန်းနှင့်ပတ်သက်၍ ဌာနအကြီးအကဲ၊ တာဝန်ခံများက ပေးအပ်သည့် တာဝန်များ၊ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ရမည်။

(၅) သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်လိုက်သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များ ကျေပွန် အောင် ဆောင်ရွက်ရန်နှင့် အလုပ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။

(၆) သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်အညီအရည်အသွေးနှင့် အရေအတွက်စံနှုန်း (Target) ပြည့်မီ

အောင် ထုတ်လုပ်နိုင်စွမ်းရှိရမည်။

(၇) ကုန်ကြမ်းပစ္စည်းများ ပြတ်တောက်ခြင်းနှင့် စက်ရုံဘက်မှ အလုပ်မပေးနိုင်ခြင်းတို့မှအပ စက်ရုံလုပ်ငန်း

ဌာနခွဲ အလိုက် နေ့စဉ် သတ်မှတ် ပေးထားသည့် စံနှုန်း (Target) ကို သတ်မှတ်ထားသော ကာလ

အတွင်း ပြည့်မီအောင်ဆောင်ရွက်ရမည်။

(၈) အလုပ်တာဝန်ပြီးဆုံးချိန်တွင် မိမိ၏ လုပ်ငန်းနေရာ သန့်ရှင်းရေးကို ကောင်းမွန်အောင် ပြုလုပ်ရမည်။ လုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျသပ်ရပ်စွာ သိမ်းဆည်းထားသိုရမည်။ မိမိကိုင်တွယ်မောင်းနှင်ခဲ့

သော စက်အား သန့်ရှင်းရေးပြုလုပ်ခဲ့ရမည်။ မလိုအပ်သည့် မီးခလုတ်များကို ပိတ်ထား ရမည်။

(၉) စက်ရုံပိုင်၊ ကုမ္ပဏီပိုင်ပစ္စည်းများကို မိမိကိုယ်ကျိုးအတွက် အသုံးမပြုရ။

(၁၀) လုပ်ငန်း/ရုံးနှင့် မသက်ဆိုင်သော ပြင်ပမှပစ္စည်းများအား ယူဆောင်လာခြင်း၊ ပြင်ဆင်ခြင်း၊ အသုံးပြု ခြင်း မပြုရ။

(၁၁) လုပ်ငန်းမှ ထုတ်ပေးထားသည့် ပစ္စည်းများအား အလုပ်မှ နှုတ်ထွက်သည့်အခါနှင့် အလုပ်မှ ထုတ်ပယ်

ခြင်းခံရသည့်အခါ စနစ်တကျ ပြန်လည်အပ်နှံရမည်။ ပြန်လည်အပ်နှံနိုင်ခြင်း မရှိပါက ၄င်းပစ္စည်း၏ တန်ဖိုးနှင့်ညီမျှသော ငွေကြေးကို ပေးလျော်ရမည်။

(၁၂) တာဝန်ရှိသူများနှင့် ၀န်ထမ်းအချင်းချင်းအား မရိုမသေမလေးမစားပြုခြင်း၊ မထီမဲ့မြင်ပြုခြင်းကို ရှောင်

ကြည်ရမည်။ ၀န်ထမ်းအချင်းချင်းအား အရှက်ရစေရန်၊ သိက္ခာပျက်ယွင်းစေရန် ရည်ရွယ် ချက်ဖြင့် နောက်ပြောင်ခြင်း၊ အော်ဟစ်ဆူညံခြင်း၊ အပြောအဆို အပြုအမူရိုင်းစိုင်း ကြမ်းတမ်းခြင်း မပြုလုပ်ရ။

(၁၃) ၀န်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းကြရမည်။

(၁၄) အလုပ်ခွင်အတွင်း၌ လုပ်ငန်းထိခိုက်အောင် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း မပြုလုပ်ရ။

(၁၅) မိမိတာဝန်ကျသည့်နေရာ အကြောင်းမဲ့ကင်းကွာခြင်း မပြုလုပ်ရ။

(၁၆) မိမိတာဝန်ကျချိန်မှအပသက်ဆိုင်ရာ၏ခွင့်ပြုချက်မရရှိဘဲစက်ရုံသို့မဟုတ်စက်ရုံဝင်းအတွင်း ၀င်/ထွက်

သွားလာခြင်း၊ ၀င်ရောက်နေထိုင်ခြင်း မပြုရ။

(၁၇) တားမြစ်ထားသည့် နေရာများကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ခြင်းမပြုရ။

(၁၈) စက်ရုံဝင်းနှင့် အဆောက်အဦးအတွင်းသို့ ကျော်တက်ဝင်ထွက်ခြင်း မပြုရ။

(၁၉) စက်ရုံအဆောက်အဦး နံရံ/ပြတင်းပေါက်၊ ပစ္စည်းကိရိယာ၊ အသုံးအဆောင်များပေါ်တွင် အရုပ်များ၊ စာများ၊ ရုပ်ပြောင် (ကာတွန်း) များ ရေးဆွဲခြင်း၊ ကြော်ငြာခြင်း၊ ညစ်ပတ်ပေကျံအောင် ပြုလုပ်ခြင်း မပြုလုပ်ရ။

(၂၀) မိမိ၏ စားစရာများ၊ ထမင်းချိုင့်များကို သတ်မှတ်ထားသောနေရာတွင် ထားရမည်။ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို အထူးဂရုစိုက် ဆောင်ရွက်ရမည်။

(၂၁) သန့်စင်ခန်းများကို စည်းကမ်းတကျ သန့်ရှင်းစင်ကြယ်စွာ အသုံးပြုရမည်။

(၂၂) အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သော ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း၊ ခွင့်ပြုချက် မရဘဲ ပြင်ပမှလူကို ခေါ်ဆောင်လာခြင်း သို့မဟုတ် လက်ခံထားခြင်း မပြုလုပ်ရ။

(၂၃) အလုပ်ချိန်အတွင်း အိပ်ငိုက်ခြင်း၊ လဲလျောင်းခြင်း၊ အိပ်စက်ခြင်း၊ ထမင်းစားခြင်း၊ မုန့်စားခြင်း၊ ကစား

ခြင်း၊ အလုပ်မလုပ်ဘဲ ထိုင်နေခြင်း မပြုလုပ်ရ။

(၂၄) လုပ်ငန်းခွင်အတွင်း ကွမ်းစားခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ပီကေစားခြင်း လုံးဝမပြုလုပ်ရ။

(၂၅) အလုပ်ချိန်အတွင်း ခွင့်ပြုချက်မရရှိဘဲ ငွေကြေးနှင့် ပတ်သက်သော ကိစ္စများ ဆောင်ရွက်ခြင်း မပြုရ။ (ဥပမာအားဖြင့် အလှူခံခြင်း၊ ရန်ပုံငွေလက်မှတ်များ ရောင်းချခြင်း၊ ငွေချေးခြင်း၊ အတိုးပေးခြင်း၊ လစာ လွှဲပြောင်းခြင်း။)

(၂၆) အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သည့် ကိစ္စရပ်များ လုံးဝမပြုလုပ်ရ။

(၂၇) ကြော်ငြာသင်ပုန်းတွင် ကပ်ထားသော အမိန့်၊ ကြော်ငြာစာတမ်းများကို တမင်သက်သက် ဖျက်ဆီး

ခြင်း၊ ထပ်မံရေးခြစ် ပုံပျက်စေခြင်းမပြုရ။

(၂၈) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို အလေးထား လိုက်နာရမည်။ ကိရိယာတန်ဆာပလာများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်း၊ ပျက်စီးအောင် ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရ။

(၂၉) လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲ စာရွက်စာတမ်းများ ဖြန့်ဝေခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

(၃၀) ကုမ္ပဏီ/စက်ရုံ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း မပြုရ။

(၃၁) တာဝန်အရ စစ်ဆေးခြင်းအပေါ် ငြင်းပယ်ခြင်း၊ မချေမငံပြုမူပြောဆို ဆက်ဆံခြင်း မပြုရ။

(၃၂) အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်သော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ

ရမည်။

(၃၃) ရည်ရွယ်ချက်ဖြင့် တမင်လုပ်ငန်းကျဆင်းစေရန် စွမ်းဆောင်ရည် လျှော့ချခြင်း မပြုရ။

(၃၄) အလုပ်သမားသည်တမင်ရည်ရွယ်၍ ထုတ်ကုန်ပစ္စည်းများဖျက်ဆီးခြင်း၊ အမျိုးအစား လွဲမှား၍ ထုတ်ပိုး

ခြင်းများ မဖြစ်စေရ၊ ဖြစ်ပါကကုမ္ပဏီ၏ အမည်နှင့် ဂုဏ်သတင်း ထိခိုက်မှု အခြေအနေပေါ် မူတည်၍ ပစ္စည်း၏တန်ဖိုးကို ပေးလျော်ရမည်။

(၃၅) လုပ်ငန်းခွင် အတွင်း လုပ်ငန်းခွင် အေးချမ်း သာယာရေး ကိုသော်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးကိုသော်လည်းကောင်း၊ ထိခိုက်စေနိုင်သည့် တရားမ၀င် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းရန် စည်းရုံးလှုံ့ဆော်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ ၀န်ထမ်းများ အလုပ်မဆင်းရန် နှိုးဆော်

ခြင်းများကို မပြုလုပ်ရ။

(၃၆) ရုံးတက်ရုံးဆင်း နှင့် ပတ်သက်၍ Online Attendance Software အသုံးပြု၍ လည်းကောင်း Attendance Hard Copy Sheet ၌ လက်မှတ်ရေးထိုး၍ လည်းကောင်း ရုံးတက်ရုံးဆင်းပြုလုပ်ရမည်။

(၃၇) TSheet ကိုပထမဦးစားပေး အဖြစ်သတ်မှတ်ကာ လစာတွက်ချက်ရာတွင်အသုံးပြုသွားမည်။

Manual Attendance Paper ကို ဒုတိယ ဦးစားပေးအနေဖြင့် အသုံးပြုသွားမည်ဖြစ်ပြီး ၀န်ထမ်းများအနေနဲ့ Manual Paper ကိုလည်း မှန်ကန်တိကျစွာ လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ ၀န်ထမ်းများအနေဖြင့် TSheet အသုံးပြုပုံကို တခုမကျန် သိရှိနားလည် သဘော ပေါက်ထားရန်လိုအပ်ပါသည်။ TSheet နှင့် ပတ်သက်ပြီး အခက်အခဲတစုံတရာရှိပါက Yammer ရှိ “Operation User Guide” Group ထဲတွင် TSheet အသုံးပြုပုံ အဆင့်ဆင့်ကို အသေးစိတ်ရှင်းပြပေးထားသော Video File ကို ကြည့်ပြီးလေ့လာနိုင် သည်။ သို့မဟုတ် သာမာန်ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အထက်လူကြီးဖြစ်သော Manager များထံမှ လေ့လာနိုင်သလို Manager များအနေဖြင့်လည်း Managing Director ထံသို့ ဖုန်းဖြင့်သော်လည်းကောင်း ၊ လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း မေးမြန်း နိုင်သည်။ OnDutyအနေဖြင့် အခြားနေရာတခုခုကို သွားနေရသောဝန်ထမ်းအချို့မှအပ TSheet နှိပ်ရန် သတ်မှတ်ထား သောနယ်မြေအတွင်းတွင်သာ TSheet ကို နှိပ်ရမည်ဖြစ်ပြီး ရုံးမရောက်ခင် အခြားနေရာတခုခု၌ ကြိုတင်နှိပ်ထားခြင်း စစ်ဆေးတွေ့ရှိရပါက ဒဏ်ငွေ ၁၀၀၀ အဖြစ် သတ်မှတ်ကာ ဒဏ်ရိုက်သွားမည်ဖြစ်ပြီး GPS Data အရ သတ်မှတ်နေရာရောက်ရှိသည့် အချိန် ကိုသာ ရုံးတက်ချိန် အဖြစ်အတည်ပြု သတ်မှတ် သွားမည်။ အကြောင်းတခုခုကြောင့် TSheet မှားယွင်းစွာနှိပ်မိခြင်း ၊ ထမင်းစားချိန် ၃၀ မိနစ်ကျော်သွားခြင်း စသည့် အကြောင်းအရာများရှိခဲ့ပါက TSheet ၏ Note တွင် ရှင်းရှင်းလင်းလင်းဖော်ပြပေးရမည်ဖြစ်သည်။ TSheet အသုံးပြုရာတွင် လုပ်ငန်းကိစ္စဖြင့် ခရီးထွက်နေသူ မှအပ ရုံးဆင်းချိန်၌ Clock Out နှိပ်ရန် မေ့သွားပြီးနောက်တနေ့ကူးသွားခြင်း ၊ OT အဖြစ် ကြိုတင် တင်ပြထားခြင်း မရှိ Management မှ ခွင့်ပြုထားခြင်းလည်း မိမိသဘောဆန္ဒဖြင့် Clock Out မလုပ်ပဲ OT အဖြစ် TSheet တွင် စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀ အဖြစ် ဒဏ်ရိုက်သွားမည်ဖြစ်ပါသည်။ ဒဏ်ငွေများကို နေ့မကူးပဲ ချက်ချင်းပေးဆောင်ရမည်။ TSheet အသုံးပြုသူအများစုမှာ မိမိတို့ Phone တွင် မှန်မှန်ကန်ကန်လုပ်ပေမယ့် TSheet Server တွင် စစ်ဆေးသည့်အခါ Update မဖြစ်တာတွေ 24 Hours အထက်အလုပ်လုပ်ချိန်ပြနေတာတွေ ယခင်လတွေမှာ စစ်ဆေး တွေ့ရှိခဲ့ရသည်။ ဒါကြောင့် Company နှင့်ဝန်ထမ်းကြား နားလည်မှု လွဲမှားခြင်းများ မရှိစေရေးအတွက် TSheet ရဲ့ Sync အလုပ်လုပ်ပုံကို ၀န်ထမ်းများအားလုံး နားလည် သဘောပေါက်နေရန် အလွန်အရေးကြီးပြီး Yammer ရဲ့ Operation User Guide ထဲက Video File မှတဆင့်လေ့လာနိုင်ပါသည်။ လစဉ်လစာတွက်ချက်သည့် အခါ online application online attendance software တွင်ဖော်ပြထားသည့် အလုပ်လုပ်သည့် ချိန်များအတိုင်း လစာတွက်ချက်ပေးမည်ဖြစ်သည်။

(၃၈) အလုပ်သမားဝန်ထမ်းသည် မိမိ၏ တာဝန်နှင့်ဝတ္တရားများတွင် သတ်မှတ်ထားသည့် နေ့စဉ် အလုပ်ချိန် အတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးနှင့် အရေအတွက်စံနှုန်း (Target) ပြည့်မီအောင် ထုတ်လုပ်နိုင်စွမ်းရှိရမည်။ထုတ်လုပ်ခဲ့သည့်အရေးအသွေးနှင့် အရေအတွက် (target) စံနှုန်းများကို နေ့စဉ်၊ အပတ်စဉ် ၊လစဉ် အစီရင်ခံစာများ၌ မှန်မှန်ကန်ကန်တိတိကျကျ ရေးသားဖြည့်စွက်၍company မှသတ်မှတ်ထားသော ပုံစံများနှင့်အညီ email မှသော်လည်းကောင်း ၊ Yammer မှသော်လည်းကောင်း ရာထူးအဆင့် အတန်းနှင့် အညီ မပျက်မကွက် ပေးပို့အစီရင်ခံရမည်။

(၃၉) အထက်ပိုဒ်(၃၈)ပါ အစီရင်ခံစာများနှင့် ပတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့် မှ စစ်ဆေးသည့်အခါ မိမိတာဝန်တာဝန် ယူထားသည့် လုပ်ငန်းသဘောသဘာဝ အရ လုပ်ငန်းပြီးစီမှု (သို့) target ပြည့်မှီ မှုကို နာရီး ၊မိနစ်များဖြင့် တွက်ချက်၍ လည်းကောင်း ၊ နေ့ရက်များ ဖြင့်တွက်ချက်၍လည်းကောင်း အခြေခံ၍ စစ်ဆေး ဆောင်ရွက်မည်။စစ်ဆေးသည့်အခါ အလုပ်ပြီးစီမှုနှင့်ပတ်သက်၍ နာရီ၊ မိနစ်များ ကို လိမ်လည်ဖြည့်စွက်ခြင်း ၊ပုံမှန်ပြီးဆုံးနိုင်မည့် အချိန်ထက် ပို၍ ဖြည့်စွက်ထားခြင်း၊ သတ်မှတ် ပုံစံများ စနစ်တကျ မရှိခြင်း ၊ နေ့စဉ် ပုံမှန် လုပ်ငန်းပြီးမြောက်မှုကို ရေးသားရန်ပျက်ကွပ်ခြင်း ၊ သတ်မှတ် အချိန်အတိုင်းအချိန်မှီ မပို့ခြင်း ၊ အချိန်မှီ ပို့သောငြားလည်း မပြည့်စုံခြင်း အစရှိသည်များ စီစစ် တွေ့ရှိခဲ့ပါက ပထမ အကြိမ်တွင် company မှ သတ်မှတ် ထားသော အပြစ်ဒဏ်ကြေးများကို အလုပ်သမားဝန်ထမ်း၏ basic salary မှ အောက်ဖော်ပြပါ ဇယားများအတိုင်း အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ထပ်မံ၍ ဒုတိယ အကြိမ် စီစစ်တွေ့ရှိပါက ထုတ်ကုန်မပြုလုပ်ခဲ့သည် အချိန်များကို အောက်ဖော်ပြပါ ဇယားများအတိုင်း အပြစ်ဒဏ်ပေးခံရမည်ဖြစ်သည်။

(၄၀) ရုံးတက်နောက်ကျခြင်း၊ ရုံးတက်စောခြင်း များကို အပြစ်ဒဏ် ပေးခံရမည်ဖြစ်သည်။

(၄၁) Company သည်ဝန်ထမ်းများနှင့် အလုပ်သမားများကို နေ့စဉ်လုပ်ငန်ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ညွှန်ကြားချက်များ အမိန့်စာများ အစရှိသည်များကို email မှ သော်လည်းကောင်း ၊ Yammer မှသော်လည်းကောင်း ၊ e – message များဖြင့်လည်းကောင်း ၊hard copy များဖြင့် လည်းကောင်း ၊ အခြား online software များမှသော်လည်းကောင်း၊အသံဖိုင်များဖြင့် လည်းကောင်း၊ ဓာတ်ပုံ ဗီဒီယိုဖိုင်များဖြင့်လည်းကောင်း တရားဝင် နေ့စဉ်ပေးပို့၍ လုပ်ငန်းများ ဆောင်ရွက် ညွှန်ကြားမည်ဖြစ်သည်။

ကြီးလေးသောပြစ်မှုစည်းကမ်းချက်များ နောက်ဆက်တွဲ(ခ)

အလုပ်သမားတစ်ဦးသည် အောက်ဖော်ပြပါ ကြီးလေးသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ထင်ရှားလျှင် အလုပ်မှ ရပ်စဲသည်အထိ အပြစ်ပေးခံရမည့်အပြင် မည်သည့်နစ်နာကြေး အကျိုးခံစားခွင့်မျှရမည် မဟုတ်ပါ-

(၁) ခိုးမှုကျူးလွန်ခြင်း၊ ခိုးရာပါ ပစ္စည်းလက်ခံထားခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ အလွဲသုံးစားပြုလုပ်ရာ

တွင် ပါဝင်ကူညီခြင်း။

(၂) စက်ရုံ၊ ကုမ္ပဏီလုပ်ငန်းပိုင် ပစ္စည်းတစ်ခုခုကို တမင်သက်သက် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ဆုံးရှုံး

စေခြင်း။

(၃) လုပ်ငန်းခွင်အတွင်း ၀န်ထမ်းအချင်းချင်း ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရုန်းရင်း ဆန်ခတ်

ဖြစ်စေခြင်း၊ တစ်စုံတစ်ဦးအားအပြင်းအထန်နာကျင်စေမှုဖြစ်စေရန်ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း

စကားများရန်ဖြစ် ရိုက်နှက်ခြင်း။

(၄) အကျင့်စာရိတ္တပျက်ပြားမှုနှင့် စပ်လျဉ်းသည့် ရာဇ၀တ်မှုကျူးလွန်ခြင်း။

(၅) မရိုးသားမှု၊ လိမ်လည်မှု၊ လာဘ်ပေး၊ လာဘ်ယူမှုပြုလုပ်ခြင်း။

(၆) လုပ်ငန်းခွင်အတွင်း အရက်သေစာယူဆောင်လာခြင်း၊ သောက်စားမူးယစ်ခြင်း၊ ရောင်းဝယ်ခြင်း။

(၇) လုပ်ငန်းခွင်၌ လောင်းကစားမှု ကျူးလွန်ခြင်း။

(၈) မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ကိုယ်တိုင်သုံးစွဲခြင်း၊ လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်ခြင်း၊ မီးကို အသုံးပြုခြင်း။

(၉) လုပ်ငန်းခွင်အတွင်းသို့ လက်နက်ဥပဒေအရ ကိုင်ဆောင်ရန် တားမြစ်ထားသည့် လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သော ခဲယမ်းနှင့် ပစ္စည်းများယူဆောင်လာခြင်း။

(၁၀) စက်ရုံ၏ ပေါက်ကွဲမီးလောင်နိုင်သည့်နေရာနှင့် အလုပ်ခွင်အတွင်း တားမြစ်ထားသောနေရာများသို့ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း။

(၁၁) မိမိကုမ္ပဏီ၏ အထူးလျှို့ဝှက်ထားရမည့် သတင်း အချက်အလက်များ၊ စာရင်းဇယားများ၊ Formual များ၊ နည်းပညာရပ်ဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများစသည့် အရေးကကြီးကိစ္စများကိုအခြားတစ်နေရာ

သို့ ပေါက်ကြားစေခြင်း၊ သတင်းပေးမှုများ ပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရဘဲ တယ်လီဖုန်း၊ ကင်မရာတို့ဖြင့် ဓာတ်ပုံများရိုက်ခြင်း။

(၁၂) ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရပြီး ပြစ်ဒဏ်စီရင်ခံရခြင်း။

(၁၃) သက်ဆိုင်ရာ ဌာနအကြီးအကဲ၊ တာဝန်ခံများ၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့ ခွင့်မဲ့ တစ်ဆက်တည်း ၃ ရက်ပျက်ကွက်ခြင်း သို့မဟုတ် တစ်လအတွင်း ခွင့်မဲ့ အလီလီ ၅ ရက် ပျက်ကွက်

ခြင်း မပြုရ။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်သက်တမ်းတိုးမြှင့်ခြင်း

စဉ်

ယခင်လုပ်သက်စုစုပေါင်း

ထက်မံတိုးမြှင့်သည့်ကာလ

နှစ်

မှ

ထိ

နှစ်

Employment Bond Contract

အာမခံ/ခံဝန်ချုပ်

နေ့စွဲ (၁၉-၁၁-၂၀၁၈)

၁။ အမှတ်(၇၉/၈၁)၊ အခန်း (၇၀၅/၇၀၆)၊ ၇-လွှာ၊ စင်ထရယ်တာဝါ၊ အနော်ရထာလမ်း၊ (၃၉လမ်းနှင့် လမ်း၄၀ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ Win Auto Parts (Myanmar) Co.,Ltd. တွင် Sale Executive ၀န်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရသူ ဦးသန်းထွန်း၊ ( နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် အတန(နိုင်) ၁၀၃၃၇၇ ) က အောက်ပါအတိုင်း ၀န်ခံကတိပြုပါသည်။ ၂။ ကျွန်တော်သည် အောက်ဖော်ပြပါ စည်းကမ်းချက်များ တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကျွန်တော် ၏ နောက်ဆုံးထုတ် လစာငွေ၏ (၅-ဆ)ကို ပေးလျော်ပါမည်ဟု ၀န်ခံကတိပြုပါသည်။ (က) ကျွန်တော်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူကတိစာချုပ်တွင် ဖော်ပြထားသည့် အလုပ်မှနှုတ်ထွက်ခြင်းနှင့်ပတ်သက်၍ (Resignation Policy Procedure) များအတိုင်း ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ စာချုပ်သက်တမ်းမပြည့်မှီ အလုပ်မှနှုတ်ထွက်ခြင်း၊ အလုပ် လွှဲပြောင်းမှု (Handover Policy Procedure) များအတိုင်း စနစ်တကျတိကျအောင် လွှဲပြောင်း ပေးရန်ပျက်ကွက်ခြင်း၊ (ခ) အလုပ်ချိန်အတွင်း မိမိဆောင်ရွက်ရမည့်တာဝန်နှင့်ဝတ္တရားများ (Duty and Responsibility ) ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ Target များ ပြည့်မှီအောင် ဆောင်ရွက် ရန် ပျက်ကွက်ခြင်း၊ ရုံးစည်းမျဉ်း စည်းကမ်းများ လိုက်နာရန် ပျက်ကွက်ခြင်း၊ သာမန်ပြစ်မှုများ၊ ကြီးလေးသောပြစ်မှုများ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ခြင်းများကို Companyမှ နှုတ်ဖြင့်သော် လည်းကောင်း စာဖြင့်သော်လည်းကောင်း သတိပေးသော်ငြားလည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း။ (ဂ) စာချုပ်သက်တမ်းမပြည့်မီ အလုပ်မှနှုတ်ထွက်လိုသောကြောင့် အထက်အပိုဒ် (က)၊ (ခ)ပါ ကိစ္စ ရပ်များကိုကျူးလွန်လျှင် မိမိအလုပ်မှ ထုတ်ပယ်ခံရမည်ကိုသိရှိပါလျှက် လိုက်နာဆောင်ရွက်ရန် တမင်ပျက်ကွက်မှုကြောင့် Company မှ မိမိအား အလုပ်မှ ထုတ်ပယ်ရခြင်း၊ (ဃ) Company ၏ ငွေကြေး၊ ပစ္စည်းများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခြင်း၊ မိမိတာဝန်ယူခဲ့ သည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်နေစဉ် Company ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုတို့ကြောင့် ကုမ္ပဏီ၌ ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း၊ အခါအားလျော်စွာ ရုံးစည်း မျဉ်းစည်းကမ်းများကို ပျက်ကွက်မှုကြောင့် Company ၏ အကျိုးစီးပွားများ ပျက်စီးဆုံးရှုံးခြင်း၊ ၃။ ထို့ပြင် အထက်ဖော်ပြပါ စည်းကမ်းချက်များအပါအ၀င်အခြားသော စည်းကမ်းချက်များတို့ကို ကျွန်တော်ဖောက်ဖျက်သဖြင့် အလုပ်ရှင်/ကုမ္ပဏီတွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ပေါ်ပေါက်ပါက ကုမ္ပဏီ/ အလုပ်ရှင်၏ နစ်နာဆုံးရှုံးမှုများအတွက် ငွေကြေးတို့ကိုလည်း ကျွန်တော်မှ အပြေအကြေ ပေးလျော်ပါမည် ဟု ၀န်ခံကတိပြုပါသည်။ ၄။ အထက်ဖော်ပြပါစကားရပ်များကိုကောင်းစွာဖတ်ရှုသိရှိပြီးနောက် ကျွန်တော်၏လွတ်လပ်သော သဘောဆန္ဒအလျှောက် အောက်ပါအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပါသည်။

လက်မှတ် ………………………………………… လက်ဗွေ ………………………………………… အမည် ………………………………………… မှတ်ပုံတင်အမှတ် …………………………………………

(၀န်ခံကတိပြုသူ) ၀န်ခံကတိပြုသူ ဦးသန်းထွန်းက အထက်ဖော်ပြပါကိစ္စအတွက် အထက်ဖော်ပြငွေများကို ကုမ္ပဏီ သို့ ပေးလျော်/ပေးသွင်းခြင်းမပြုဘဲ ပျက်ကွက်မည်ဆိုပါက ၀န်ခံကတိပြုသူ ……………………….… ကိုယ်စား အာမခံသူများဖြစ်သည့် ကျွန်တော်တို့က ကုမ္ပဏီသ့ ပေးလျော်/ပေးသွင်းရမည့်ငွေများကို ပေးလျော်/ပေးသွင်းမည်ဖြစ်ပါကြောင်း ကျွန်တော်တို့၏လွတ်လပ်သောသဘောဆန္ဒအလျှောက်အောက်ပါ အသိသက်သေများရှေ့မှောက်တွင် ၀န်ခံကတိပြုလက်မှတ်ရေးထိုးပါသည်။

၁။ …………………………………… ၁။ ………………………………… အမည် ………………………………….. အမည် ……………………………….… မှတ်ပုံတင် …………………………………… မှတ်ပုံတင် …………………………………… လိပ်စာ …………………………………… လိပ်စာ …………………………………… …………………………………… ……………………………………

(အာမခံသူများ)

(အသိသက်သေများ)

၁။ …………………………………… ၁။ ………………………………… အမည် ………………………………….. အမည် ……………………………….… မှတ်ပုံတင် …………………………………… မှတ်ပုံတင် …………………………………… လိပ်စာ …………………………………… လိပ်စာ …………………………………… …………………………………… ……………………………………



(Last Updated 26-12-2018)